အမရပူရမြို့၌ စူဠဘွဲ့နှင်းသဘင်ကျင်းပ

အမရပူရ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင် အမရပူရမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နေ့လယ် ၁ နာရီအချိန်က ၂၀၂၄ ခုနှစ်၊ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်းအောင်မြင်တော်မူသော ရဟန်းရှင်နှင့်သီလရှင်တို့ကို စာအောင်လက်မှတ်နှင့် လှူဒါန်းငွေပေးအပ်ပွဲ စူဠဘွဲ့နှင်းသဘင်ကို ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်ထံမှ ငါးပါးသီလ ဆောက်တည်ခံယူခဲ့ကြသည်။ ဆက်လက်ပြီး အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကိုလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ယင်းနောက် လှူဒါန်းမှူအစုစုတို့အတွက် တိုင်းသံဃာ့နယကယအဖွဲ့ဝင် ဆရာတော် ဉူးအဂ္ဂညာနထံမှ ရေစက်သွန်းချ တရားနာယူခဲ့ကြသည်။ ၎င်းနောက် ပထမကြီးအောင်သံဃာ ၂၄ ပါးကိုတစ်ပါးလျှင် ၂၅,၀၀၀ ကျပ်နှင့် စာအောင်လက်မှတ်များကို အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းက လည်းကောင်း၊ ပထမလတ်အောင်သံဃာ ၃၉ ပါးကို တစ်ပါးလျှင် ၂၀,၀၀၀ ကျပ်နှင့် စာအောင်လက်မှတ်များကို အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယရဲမှူးကြီးကျော်သာဦးမှ လည်းကောင်း၊ ပထမငယ်အောင်သံဃာ ၁၅၄ ပါးကိုတစ်ပါးလျှင် ၁၅,၀၀၀ ကျပ်နှင့် စာအောင်လက်မှတ်များကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦးမှလည်းကောင်း၊ အခြေပြုမူလတန်းအောင်သံဃာတော် ၁၉၀ ပါးကို တစ်ပါးလျှင် ၁၀,၀၀၀ ကျပ်နှင့် စာအောင်လက်မှတ်များကို အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်တေဇမှလည်းကောင်း၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုမူလတန်းအောင် သီလရှင်ဆရာလေးများကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအသင်းတို့မှ လှူဒါန်းငွေနှင့် စာအောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ယနေ့ စူဠဘွဲ့နှင်းသဘင်တွင် နိုင်ငံတော်မှလှူဒါန်းငွေ ၁,၅၄၉,၀၀၀ ကျပ်နှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ လှူဒါန်းငွေ ၅,၅၉၀,၀၀၀ ကျပ်စုစုပေါင်းလှူဒါန်းငွေ ၇,၁၃၉,၀၀၀ ကျပ်ရှိ​ကြောင်း သိရသည်။

စိုးသီဟ(အမရ)