မြဝတီ မတ် ၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို မတ် ၂၄ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာယနေ့တွင် သင်တန်းဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချသည်။
အဆိုပါသင်တန်းကို မြဝတီမြို့နယ် ပညာရေးမှူး ဦးမိုးကျော်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ဆရာ/ဆရာမ ၁၅၄ ဦး၊ အလယ်တန်းအဆင့် ဆရာ/ဆရာမ၂၁၈ဦးနှင့် မူလတန်းအဆင့် ဆရာ/ဆရာမ ၃၄၇ ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များကို သင်တန်းနည်းပြဆရာ/ဆရာမများက ဆွေးနွေးပို့ချ ပေးမည်။ ယင်းသင်တန်းတွင် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဆွေးနွေးခြင်း၊ မူလတန်းဆင့် အခန်းဆုံးစစ်ဆေးခြင်းဘာသာရပ် ဆွေးနွေးခြင်းနှင့် ဘာသာရပ်အလိုက် သင်ကြား/သင်ယူမှုများကို ရှုထောင့်မျိုးစုံမှ အမြင်များဖြင့် အပြန်အလှန်ဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
သင်တန်းကို မြဝတီမြို့နယ်အတွင်းရှိ အထက(၁)နှင့် အထက(၃)တို့၌ မတ်လ ၂၄ ရက် မှ ၂၈ ရက်ထိ နေ့စဥ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)