ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း၌ သားငယ်၊ သမီးငယ်များ သင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များ သင်္ကြန်အကြို ပျော်ပွဲရွှင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ပြီး ကိုးပင်မူလတန်းကြိုကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ သားငယ်၊ သမီးငယ်လေးများက သင်္ကြန်အကြို ပျော်ရွှင်စွာ ရေကစားကြခြင်း၊ မုန့်လုံးရေပေါ်များလုံး၍ အတူတကွစားသုံးကြခြင်း စသည်တို့ကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)