အောင်လံမြို့နယ်၌ အခြေခံပညာမူလတန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်း ကျင်းပ

အောင်လံ မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အခြေခံပညာ(မူ)အဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အောင်လံမြို့နယ်တွင် အခြေခံပညာ(မူ)အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ကျင်းပရခြင်း အဓိကရည်ရွယ်ချက်မှာ အောင်လံမြို့နယ်အတွင်း(မူလတန်း)အဆင့်ရှိ ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များကို ပိုမိုသိရှိကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

အောင်လံမြို့နယ်၌ အခြေခံပညာ(မူ)အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မူပြ၊ ဒုမူပြ၊ လက်ထောက်မူပြ စုစုပေါင်း (၉၀၄) ဦး၊ ဘုန်းတော်ကြီးသင်ကြားရေးကျောင်း (၂) ကျောင်းမှ (၃) ဦး၊ သင်တန်းသားမူအုပ်(၅၆)ဦး၊ နည်းပြ(၆၄)ဦး၊ တက်ရောက်လျက်ရှိပြီး အဆိုပါဆွေးနွေးပွဲကို မတ်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဘာသာရပ်အလိုက် တတ်ကျွမ်းသောနည်းပြ ဆရာ၊ ဆရာမများဖြင့် ဆွေးနွေးပို့ချသင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)