ကျောက်တလုံးကြီးမြို့တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်တလုံးကြီး မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများသို့ ယမန်နေ့နံနက် ၈ နာရီက ဖြန့်ဝေသည်။

အဆိုပါလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေပြီး စာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊  တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်၊ (၇၉)နှစ်မြောက် တပ်တော်နေ့စစ်ရေးပြထားအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်း‌အောင်လှိုင်ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ဆောင်းပါး၊ ကဗျာနှင့် ကာတွန်းများပါဝင်သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏ နေ့ထူးနေ့မြတ်များအကြောင်းကို ပြည်သူများပိုမိုသိရှိနိုင်ရန်နှင့် အသိပညာများ တိုးပွားလာစေရန် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း