မြို့သစ်မြို့၌ “အပူဒဏ်အန္တရာယ်” ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

မြို့သစ် မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ ကျောင်းသားလူငယ်များ “အပူဒဏ်အန္တရာယ်” ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာများကို ပိုမိုသိရှိ နိုင်စေရန်အတွက် "အပူဒဏ်အန္တရာယ်" ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ် (၃)နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြသသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်ကို နွေရာသီကျောင်းပိတ်ရက်အတွင်း ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရှုကြပြီး နံရံကပ်စာစောင်တွင် “ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်ကြောင့် သတိလစ်ခြင်းစသည့်သတိပြုရမည့် အပူဒဏ်အန္တရာယ်အကြောင်းအရာများ၊ အပူရှပ်ခြင်း၊ရှေးဦးပြုစုခြင်း” စသည်တို့ကို ထည့်သွင်းပြသထားကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထိမ်းအမှတ်နေ့များ၊ အသိပညာပေးအကြောင်းအရာများကို ကျောင်းသား/သူများ၊ ပြည်သူများပိုမိုသိရှိ‌စေရေး အသိပညာပေးလုပ်ငန်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)