တန့်ယန်း မတ် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၇၃ ဒဿမ ၂၃၂ သန်းဖြင့် ဆောင်ရွက်ခဲ့သော လွယ်စေးကျေးရွာအုပ်စု ပန်မောင်- ကုန်းကော်- ဟွေပူ- ပါဖန်- လုံတွေ- နမ့်ပိန် ကျေးရွာချင်းဆက်လမ်း ၆/၅ မိုင် လမ်းတာချဲ့ခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်၌ ၅x၅x၂၆ ပေ Box Culvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်း ဖောက်လုပ်ဆောင်ရွက်ပေးခြင်းဖြင့် အနီးအနားကျေးရွာများရှိ လူဦးရေ ၁၉၂၅ ဦးခန့်၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသအတွက် များစွာအကျိုးပြုသည့်လမ်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)