မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား၊ အမျိုးသားဖူဆယ်ပြိုင်ပွဲ တံခွန်စိုက်ဖလားနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လွိုင်လင် မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် အားကစားရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက အသက် ၁၇နှစ်အောက် ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲအား ကျင်းပပြုလုပ်ရာ N2(A) အသင်းနှင့် N2(b)တို့ ယှဉ်ပြိုင်ကစားခဲ့ရာ N2(A)အသင်းက အနိုင်ရရှိခဲ့သည်။

ယင်းနောက် ပွဲစဥ်တစ်လျှောက် နေရာအလိုက်အကောင်းဆုံးဆုရရှိသူများနှင့် ဒုတိယဆုရရှိသော အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမူး ဒေါ်ဥမ္မာချိုမှ ပထမဆုရရှိသော အသင်းသားများအား ငွေသားဆုနှင့်တစ်ဦးချင်း ဆုတံဆိပ်များအား ချီးမြှင့်ခဲ့ကာ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းမှ တံခွန်စိုက်ဆုဖလားအား ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဖူဆယ်ပြိုင်ပွဲအား မတ်လ ၂၃ ရက်နေ့မှစတင်ကာ ပြိုင်ပွဲဝင်အသင်း(၅)သင်းဖြင့် အုပ်စုပတ်လည် ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)