စေတုတ္တရာမြို့နယ်​၌ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲ ကျင်းပ

စေတုတ္တရာ မတ် ၂၆

စေတုတ္တရာမြို့နယ်တွင် မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု သနပ်ခါးလိမ်းခြယ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီ မိနစ် ၃၀ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ  မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု  သနပ်ခါးလိမ်းခြယ်ပွဲတွင်  မြို့နယ်အမျိုးသမီးရေးရအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုနှင့်ပတ်သက်၍ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပွဲအား  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကာ
  တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ  အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လိမ်းခြယ်ခြင်းများဖြင့် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု တစ်ရပ်အနေ့ဖြင့် လိမ်းခြယ်ပွဲအား ကျင်းပဆောင်ရွက်ကြောင်း သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)