တာလေမြို့၌ (၈၀)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တာလေ မတ် ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၈၀)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က တာလေမြို့စျေး၌ ဒေသခံပြည်သူများကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၈၀)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်မှအပ်နှင်းသည့် တာဝန်ကျေပွန်ခဲ့ပုံ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂)ရက်၊ တပ်မတော်၏ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်ပေးနေမှု၊ တပ်မတော်၏ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊  တပ်မတော်၏ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်၊ ချစ်ညီစစ်သည်တို့ကဗျာ ခေါင်းစဉ်များအကြောင်း‌ ထည့်သွင်းဖော်ပြထား‌ကြောင်း သိရသည်။

ရီရီထွန်း