မင်းလှမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

အထက်မင်းလှ မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက မင်းလှအခြေခံပညာအထက်တန်းကျောင်းတွင် ‌ဆောက်ရွက်ခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နိုင်ငံ‌ရေး ရည်မှန်းချက်(၂)ရပ်၊ အမျိုးသား‌ရေးရည်မှန်းချက်(၂)ရပ် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေ၊ (၇၉)နှစ်မြောက်တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ ချစ်ညီစစ်သည်သို့ ကဗျာစသည့်ဖြင့် ဖော်ပြပါရှိကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)