ဆင်ပေါင်ဝဲ မတ် ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်လျက်ရှိသည့် အလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲသို့ တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက် (၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက် (၂)ရပ်၊ နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်နှင့် တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ၂၈-၃-၂၀၂၄ ရက်နေ့ (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ မျိုးမြတ်မြတ်မြင့်မောင်၏ “ချစ်ညီစည်သည်သို့” ကဗျာ၊ ကာတွန်း စသည့်အချက်များ ပါရှိကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)