ညောင်လေးပင်မြို့၌ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့် ဆွေးနွေးပွဲပြုလုပ်

ညောင်လေးပင်  မတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်(မြို့နယ်အဆင့်) အရည်အသွေးမြှင့်ဆွေးနွေးပွဲ သင်ကြားပို့ချခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က(ခွဲ)အခြေခံပညာအထက်တန်းကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိသည်။

ညောင်လေးပင်မြို့တွင် မြို့နယ်အဆင့်အရည်အသွေးမြှင့်ဆွေးနွေးပွဲများကို မူလတန်းအဆင့်အား အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ပြီး မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့တွင် သင်တန်းနည်းပြ ဆရာ/ဆရာမ(၁၈)ဦးတို့က ဆွေးနွေးပို့ချ၍ မူလတန်းအဆင့် ဆရာ/ဆရာမ(၅၅၇)ဦးနှင့် အလယ်တန်းအဆင့် ဆရာ/ဆရာမ(၅၄၈)ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို မတ်လ(၂၄)ရက်မှ (၂၈)ရက်ထိ (၅)ရက်ကြာ ဆွေးနွေးသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)