ကံမ မတ် ၂၆
၂၀၂၅ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၁၀)နာရီက မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း (ကံမ)၌ စွမ်းရည်မြှင့်သင်တန်း တက်ရောက်နေကြသည့် ဆရာ ဆရာမများအား ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ၂၈-၃-၂၀၂၄ ရက်နေ့(၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်နှင့် ဆောင်းပါးများ၊ ကဗျာများ၊ ကာတွန်းများ ဝေဝေဆာဆာ ဖော်ပြပါရှိ၍ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ အခမဲ့ထုတ်ဝေပြီး ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများအား တပ်မတော်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)