လွိုင်လင်မြို့၊ မူလတန်းကြိုကျောင်းမှ ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲ ကျင်းပ

လွိုင်လင် မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လွိုင်လင် မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းမှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများမှ မူကြိုကလေးငယ်များအား ကျောင်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကာ ကလေးငယ်များမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)