မိုင်းယောင်း မတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရပ်ကွက်နှင့်ကျေးရွာများသို့ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ နှင်းအပ်တာဝန်ကျေပွန်ခဲ့သည်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေမှု၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ် စသည့် ချစ်ညီစစ်သည်သို့ ကဗျာ၊ ဆောင်ပုဒ်၊ အဆိုအမိန့်နှင့် စာစုများထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)