ပဲခူး မတ် ၂၆
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ(ပထမနေ့)ကို ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သွားရောက်ကြည်ညိုပြီး အအေးနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် စာမေးပွဲကြီးကြပ်ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုငွေနှင့် အအေးဘူးများ ဆက်ကပ်လှူဒါန်းပြီး ဓမ္မာစရိယတန်း(ပထမနေ့) ဖြေဆိုတော်မူကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအား အအေးဘူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို မတ်လ(၂၅)ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ရာ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဓမ္မာစရိယတန်း(ပထမနေ့) ပါရာဇိကကဏ္ဍပါဠိ+ အဌကထာဘာသာရပ်၌ ဖြေဆိုရန်စာရင်းသွင်းထားသူ (၃၅၆)ပါးရှိရာ (၃၁၀)ပါး ဖြေဆိုတော်မူကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)