ဒဂုံဆိပ်ကမ်း မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံပုံတူပန်းချီရေးဆွဲနည်း(အခမဲ့) သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၁၀) အချိန်ကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ပန်းချီအစည်းအရုံးက ဦးရူပါက မိတ်ဆက်စကားပြောကြားခဲ့သည်။ ထို့နောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပါသည်။
အခြေခံပုံတူပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးက လာရောက်တတ်ရောက်ခဲ့ကြကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစည်သူမောင်မောင်ထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)