ကာမိုင်း ဖေဖော်ဝါရီ ၂၂
ဖားကန့်မြို့နယ်၊ ကာမိုင်း-ဖားကန့်သွား ကားလမ်းမပေါ်၌ ယနေ့နံနက်(၇)နာရီခွဲက (၁၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူမှာ နေရာတွင် သေဆုံးခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကာမိုင်း-ဖားကန့်သွားကားလမ်းပေါ်၌ ကာမိုင်းဘက်မှဆီပေပါများတင်ဆောင်၍ မောင်းနှင်လာသည့် ယာဉ်မောင်းဦးမျိုးဇော်(၃၈)နှစ်၊ ယာဉ်အမှတ် 8J---- (၁၂) ဘီးယာဉ် အပြာရောင် အမျိုးအစားအား အဆိုပါယာဉ်နောက်မှလမ်းကြောင်းတူ ဦးလှကျော်ဝင်း(၅၀)နှစ်၊ ဇနီးဖြစ်သူ မဖော်ရယ်လု လိုက်ပါလာသော KENBO 125 နက်နီကြား ဆိုင်ကယ်အမျိုးအစားသည် ဝဲဘက်မှ ကျော်တက်စဉ် ဆိုင်ကယ်မှာ လမ်းဘေးတွင်လမ်းခင်းရန်ပုံထားသော ကျောက်ပုံ(၂)ပုံ ပေါ် ဖြတ်သန်းမောင်းနှင်မိပြီး အရှိန်မထိန်းနိုင်ဘဲ ၎င်းယာဉ်၏ရှေ့သို့ရောက်ရှိကာတိုက်မိသဖြင့် ဆိုင်ကယ်မောင်းနှင်သူမှာ အခင်းဖြစ်ပွားနေရာတွင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူ ဆောင် ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဇွဲသူရအောင် (ပြန်/ဆက်)