မိုင်းယောင်း ဖေဖော်ဝါရီ ၂၂
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေကြောင်း သိရသည်။
ဟိုရမ်းကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ(၇)ခုမှ ကျန်းမာရေး ဝန်ထမ်းများသည် ကိုရိုနာဗိုင်းရပ်စ်(COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လူအဝင်အထွက်များသည့် နေရာများ၊ လူစည်ကားသည့် နေရာများတွင် ဗီနိုင်းပိုစတာများ စိုက်ထူခြင်း/ကပ်ပေးခြင်းများတို့ကို ကျေးရွာအုပ်စု (၉) အုပ်စုအတွင်းရှိ ကျေးရွာအသီးသီးများသို့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)