သာယာဝတီ မတ် ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အသရော်ကျေးရွာအုပ်စု၊ ရဲ+မြ လုပ်ငန်းစုမှ ဦးရဲဒင်၏ နွေစပါးဆင်းသုခ စပါးမျိုးဧက ၃၀ စိုက်ခင်းတွင် ယမန်နေ့က စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့သည်။
နွေစပါးစံကွက်ရိတ်သိမ်းရာနေရာသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အသရော်ကျေးရွာရှိ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)