နတ်မောက်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသ

နတ်မောက် မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ရှေ့ မြေစိုက်ဘုတ်တွင် ပြသခဲ့သည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ရှောင်ကျဉ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အပူချိန်မြင့်မားမှုကြောင့်ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များနှင့် သတိပြုလိုက်နာရမည့်အချက်များ၊ ပူပြင်းသောအချိန်ကာလ ရောက်ရှိလာပြီးဖြစ်သည့်အတွက် ကလေးငယ်များတွင် အပူဒဏ်ကြောင့်ဖြစ်သော ရောဂါများ စသည့်အချက်များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနံရံကပ်ပြဘုတ်တို့အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက ပြသဆောင်ရွက်ထားကြောင်း သိရသည်။

လှဝင်း