မြင်းခြံ မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရပ်တွင် အချိန်ကို အကျိုးရှိစွာ အသုံးနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁ နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်တန်းတွင် မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆရာမ ဒေါ်ဆွေဇင်ဦးက ယခုသင်တန်းမှာ လာရောက်သင်ကြားကြတဲ့ ကျောင်းသားလူငယ်များအနေဖြင့် အခြေခံအင်္ဂလိပ်စာကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြဖို့၊ အခြေခံအင်္ဂလိပ်စာ ကျွမ်းကျင်ပိုင်နိုင်ပါက ကျောင်းစာတွင်သာမက နောင်တချိန်တွင် အင်္ဂလိပ်စား ပြောနိုင်သည်အထိ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် အခြေခံအင်္ဂလိပ်သဒ္ဒါရေးသားနည်းနှင့် ဝေါဟာရ၊ စကားစုများ စသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား (၂၅) တက်ရောက်သင်ကြားကာ သင်တန်း ကာလကို (၅) ရက်ကြာ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)