လိပ်သို မတ် ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို ကုန်ကြမ်းအဖြစ် ရောင်းချကြသည့်အပြင် တာရှည်အထားခံအောင် ထုတ်လုပ်ထားသော မျှစ်စားသုံးကုန်အမျိုးမျိုးမှာလည်း ယခုနွေရာသီကာလရောက်ရှိချိန်တွင် ဝယ်ယူစားသုံးသူများ တိုးပွားလာလျက်ရှိကြောင်း သိရသည်။
ယခင်နှစ်ကာလများက ဒေသခံများမှာ မျှစ်များကို မိသားစုစားသုံးရန်အတွက်သာ တာရှည်ခံအောင် ပြုလုပ်ထားသိုသိမ်းဆည်းလာခဲ့ကြရာမှ ယခုအခါ စနစ်တကျ သန့်ရှင်းစွာ ထုတ်လုပ်ထုပ်ပိုးပြီး ထားသိုတတ်လာကြခြင်းကြောင့် နွေရာသီကာလ ရောက်ရှိလာလျှင် မျှစ်စားသုံးကုန်များကို ဝယ်ယူစားသုံးသူများ တိုးပွားလာလျက်ရှိကြောင်း သိရသည်။
ဒေသခံအချို့မှာ စက်ပစ္စည်းများအသုံးပြုကာ မျှစ်ချဉ်၊ မျှစ်ချဉ်ခြောက်၊ ရိုးရိုးမျှစ်ခြောက်၊ မျှစ်ချိုများကို စားသုံးသူများအကြိုက် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် တာရှည်အထားခံအောင် ပြုလုပ်ထုပ်ပိုး သိုလှောင်ထားကြပြီး နွေရာသီကာလသို့ ရောက်ရှိချိန်တွင် ဒေသတွင်းအပြင် တောင်ငူ၊ ရန်ကုန်စသည့် အခြားမြို့ကြီးများသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်