အမရပူရ မတ် ၂၈
အမရပူရမြို့နယ်၌ လူငယ်လူရွယ်များနွေရာသီကျောင်းပိတ်ရက် အားလပ်သောအချိန်များတွင် ဗဟုသုတများ တိုးပွားစေရန်၊ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် စသည့် ကောင်းမွန်သော ရည်ရွယ်ချက်များဖြင့် အခြေခံအင်္ဂလိပ်စာ သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက နွေရာသီကျောင်းပိတ်ရက်များတွင် လူငယ်လူရွယ်များအတွက် အကျိုးရှိစေမည့်သင်တန်းများဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆရာ ဦးဆန်းမင်းထွန်းက အခြေခံအင်္ဂလိပ်စာ Grammar ၏ အသုံးဝင်ပုံ အကျိုးကျေးဇူးများကို ရှင်းလင်းခဲ့ကာ လူငယ်လူရွယ်များအတွက် အခြေခံအင်္ဂလိပ်စာကို သင်ကြားပို့ချပေးလျက်ရှိသည်။ အင်္ဂလိပ်စာအခြေခံအပြီး စာရေးဆရာကြီးများနှင့်စာစီစာကုံးအခြေခံသင်တန်းကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)