ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးနှင့်ရွှေစည်းခုံစေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းရတ နသုတ်ရွတ်ဖတ်ပူဇော်

ညောင်ဦး  ဧပြီ  ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဘုရားများဖြစ်သည့် အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်နှင့် ရွှေစည်းခုံဘုရားကြီးတို့တွင် ဆရာတော်/သံဃာတော် ၃၆ ပါးတို့က ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အန္တရာယ်ကင်း ရတနသုတ်နှင့်ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ထိုသို့အန္တရာယ်ကင်းရွတ်ဖတ်ပူဇော်ရာ ဆရာတော်/သံဃာတော်အရှင်သူမြတ် ၃၆ ပါးတို့အား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဝင်းလှိုင်တင့်နှင့် မြို့နယ် စီမံအဖွဲ့ဝင်များ၊ အာနန္ဒာဘုရားကြီးဂေါပကအဖွဲ့၊ ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့တို့က လှူဖွယ်ဝတ္တု နှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ဒီပါလင်း