ညောင်ရွှေ ဧပြီ ၁၁
မတ်လ(၂၈)ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်း တော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့သို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များကအလှူငွေများ ထည့်ဝင်လှူဒါန်း ကုသိုလ်ပါဝင်ကြရာ ယနေ့အထိ စုစုပေါင်းထည့်ဝင်လှူဒါန်းငွေ (၇၇၅၀၆၀၀၀/-)ကျပ် ရရှိခဲ့ပြီဖြစ် ကြောင်းနှင့် ဘုရားဖူးပြည်သူများ အမြန်ဆုံးလာရောက် ဖူးမျှော်နိုင်ရေးအတွက် ပြုပြင်မွမ်းမံရန်ကျန်ရှိနေသည့် အစိတ်အပိုင်းများကို အရှိန်အဟုန်ဖြင့် ပြုပြင်မွမ်းမံသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ