တာလေ ဧပြီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ကိုယ်ထူကိုယ်ထကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး၌ ရုံးသစ်ဖွင့်ပွဲအခမ်းအနားနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ပြည်သူများအတွက် အလှူငွေများပေးအပ်ခြင်း၊ အလှူငွေများထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၀၉:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၊ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်၊ မေတ္တာရှင်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဘိုစံ၊ ဦးဘိုလေး၊ ဦးကျဟေးနှင့် နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအောင်ထန်တို့က အဆိုပါရုံးသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက လှူဒါန်းသည့် အလှူငွေကျပ် (၁၀၁၆၀၀၀၀)နှင့် ဘတ် (၆၇၀၀၀) ကို မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်မှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုးနှင့် နားယောင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးအောင်ထန်က မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသော မန္တလေးတိုင်းဒေသကြီးအတွက် အလှူငွေထည့်ဝင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် အဆိုပါရုံးသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)