တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကျင်းပ

တံတားဦး ဧပြီ ၁၂

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီက တံတားဦးမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးခရိုင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက အမှာစကားပြောကြားရာတွင် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးသည် ပြည်သူများအတွက် အလွန်ပင်စိတ်မကောင်းဖြစ်မိပါကြောင်း၊ ဒါ့အပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း အချိန်မီဆောင်ရွက်ပေးနိုင်သကဲ့သို့ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ရှင်းလင်းဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ထိုနည်းအတူ ပြည်သူများအတွက် နေထိုင်ရေး၊ အစားအသောက်၊ လူသုံးကုန်ပစ္စည်းများရရှိရေးတို့ကိုလည်း အချိန်မီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တံတားဦးခရိုင် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့်တာဝန်ရှိသူများ၊ တံတားဦးမြို့နယ် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်တာဝန်ရှိသူများ ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ‌ ပေးအပ်ခဲ့ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၈-၃-၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် လုံးဝပျက်စီးသည့်အိမ်(၈၁၆)အိမ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်အိမ် (၁၀၄၅)အိမ်ရှိပါကြောင်း ပျက်စီးဆုံးရှုံးသည့်အိမ်များအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီမှ စားသောက်ကုန်များနှင့်လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဦးရဲတင့် (ပြန်/ဆက်)