ကဝ ဧပြီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြန်မာတို့၏ ရိုးရာယဥ်ကျေးမှုအမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို မပျောက်ပျက်အောင်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ပြီး မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား ယနေ့နံနက်ပိုင်းသင်္ကြန်အကြိုနေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှေ့နှင့် ရပ်ကွက်အတွင်းရှိ မဏ္ဍပ်များတွင် ပြည်သူများ အေးချမ်းစွာရေကစားလျက်ရှိကြောင်း သိရသည်။
၂၀၂၄ခုနှစ် မြန်မာ့နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ရေးကစားမဏ္ဍပ်များဆောင်ရွက်ပေးထားပြီး သင်္ကြန်အကြိုနေ့မှစတင်ကာ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ပြည်သူများအေးချမ်းစွာရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်ကာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက စီစဥ်ဆောင်ရွက်ပေးထားပြီး သင်္ကြန်မဏ္ဍပ်သို့ရောက်ရှိလာသူများအား စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးကြောင်းသိရသည်။
ကဝမြို့နယ်တွင် သင်္ကြန်ပွဲတော်ကာလအတွင်း တရားစခန်းများဖွင့်လှစ်ခြင်း၊ ဥပုသ်သီလများစောင့်တည်ခြင်းနှင့် နှစ်ဆန်းတစ်ရက်နေ့တွင် ကဝမြို့ကျက်သရေဆောင် မဟာအဘယမုနိ ငါးထပ်ကြီးရုပ်ပွားတော်မြတ်ကြီးအား ရေသပ္ပါယ်ခြင်း၊ ငါးလွှတ်ပွဲကျင်းပခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် သက်ကြီးပူဇော်ပွဲများကျင်းပခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)