ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ Mercy Malaysia မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်ဆည် ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၁၂ ရက်နေ့က ဆေးဝါးကုသလျက်ရှိသော လူနာများနှင့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော လူနာများအတွက် Mecry Malaysia မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ Mecry Malaysia မှ ထောက်ပံ့သည့် High Jacket (၁)စုံတွင်ပါဝင်သည့် မိုးကာ၊ ခြင်ထောင်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ကိုယ်တိုက်ဆပ်ပြာ၊ ငါးသေတ္တာ၊ ကိတ်ခြောက်၊ ရှင်းရှင်းကြာဇံ၊ ဓာတ်ဆားရည် စုစုပေါင်းပစ္စည်း(၉)မျိုးကို ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှထံသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ မတ်လ(၂၈)ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများနှင့်  အခြားအကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား အမြန်ဆုံးသက်သာပျောက်ကင်းရေး ဆေးရုံအုပ်ကြီး ဒေါက်တာတင်လှနှင့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများက ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)