မိုးစပါး အထွက်နှုန်းတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနား မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စုတွင်ကျင်းပ

မြန်အောင် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု၊ ဆင်ကျုံးကွင်းကျေးရွာ တောင်သူဦးအောင်မင်းထွန်းပါ(၄)ဦးတို့၏ ကွင်းအမှတ်(၂၃၇ က)၊ လယ်မြေ(၁၀)ဧကတွင် ၁၂-၄-၂၀၂၅ ရက်နေ့နံနက်က မိုးစပါးအထွက်နှုန်းတိုးတက်စေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့်မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းရေး၊ ကြဲခင်းစနစ်ပပျောက်ရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးဇော်လင်းက လယ်မြေများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်၍ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များက တောင်သူများအား ပိုက်ဆံလျှော် မျိုးစေ့များပေးအပ်ခဲ့ပြီးတောင်သူ ဦးအောင်မင်းထွန်းပါ(၄)ဦးတို့၏ လယ်မြေတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခဲ့ကြသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် မိုးစပါး အထွက်နှုန်းတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) လယ်မြေ(၃၄၀၂)ဧကတွင် ကြဲပက်ထည့်သွင်းပြီး ဖြစ်ကြောင်းနှင့် ရေတော်မိုးတော်ဧကများ အပြည့်အဝထည့်သွင်းရေးအတွက် ဆက်လက်ကြဲပက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

  ဝင်းဗိုလ် မြန်အောင် (ပြန်/ဆက်)