ကျောက်တန်းမြို့နယ်၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန်ရည်ရွယ်ပြီး ပရိတ်တရားများ ရွတ်ဖတ်ပူဇော်

ကျောက်တန်း ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ ဘေးအန္တရာယ်ကင်းစေရန်ရည်ရွယ်၍ ဧပြီလ ၁၃ ရက်နေ့ ည (၁၉း၀၀) နာရီအချိန်မှစတင်၍ ကျောက်တန်းမြို့နယ်၊ မြို့နယ်သံဃနာယကအဖွဲ့ရုံး၌ မြို့နယ်သံဃနာယက ဆရာတော်များမှဦးဆောင်၍ သံဃာတော် (၁၈) ပါးဖြင့် ပရိတ်တရားတော်များအား ရွတ်ဖတ်ပူဇော်ခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျောက်တန်းမြို့နယ်၊ မီးသတ်ဦးစီးမှူးရုံး/စခန်း၊ သီလဝါနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ/မိသားစုများ၊ သမိုင်းဝင် ကျိုက်မှော်ဝန်းရေလယ်စေတီတော်မှ စေတီတော်ဝတ်အသင်းအဖွဲ့များမှ ရတနာ့သုတ် (၉) ကြိမ် ရွတ်ဖတ်ပူဇော်ခဲ့ပြီး  ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဥ်တစ်စီးဖြင့် ပရိတ်ရေများအား မြို့အတွင်းလှည့်လည်ပက်ဖျန်းခဲ့ပါကြောင်း သိရှိရသည်။

ကျောက်တန်း (ပြန်/ဆက်)