ဖျာပုံမြို့နယ်၌ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက်ရေဆော့ကစား၍ စတုဒိသာများ ကျွေးမွေးလှူဒါန်း

ဖျာပုံ ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဧပြီ (၁၃)ရက်နေ့ ညနေပိုင်း၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရေဆော့ကစားကာ စတုဒိသာကျွေးမွေးလှူဒါန်းကြသည်။

အဆိုပါ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရေဆော့ကစား၍ စတုဒိသာများ ကျွေးမွေးလှူဒါန်းရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးကျော်မင်းယုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကာ  သင်္ကြန်အကြိုနေ့ ညနေပိုင်းအချိန်က လမ်းလျှောက်သင်္ကြန်မဏ္ဍပ်ဖွင့်လှစ်ပြီး၊ စတုဒိသာမဏ္ဍပ်တွင် စတုဒိသာအအေးများတိုက်ကျွေးလှူဒါန်းကြသည်။

ထို့နောက် ယဉ်ကျေးမှုအစဉ်အလာအတိုင်း သပြေခက်ဖြင့်ရေပက်ဖျန်းကြပြီး စတုဒိသာကျွေးမွေးမှုများဖြင့် ကုသိုလ်ပြုဆောင်ရွက်ကြကြောင်းနှင့် စတုဒိသာကျွေးမွေးမှုအား သင်္ကြန်ကာလပြီးဆုံးသည်အထိနေ့စဉ် ကုသိုလ်ပြုကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း၌လည်း ဥပုသ်၊သီလစောင့်တည်ခြင်းနှင့်ယဉ်ကျေးမှု အစဉ်အလာအတိုင်းပင် ရေဆော့ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်၊ပြန်/ဆက်)