သရက်မြို့၌ မဟာသင်္ကြန်အကျနေ့ ကောင်းမှု ကုသိုလ်ပြုသူများနှင့် စည်ကားလျက်ရှိ

သရက် ဧပြီ ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မဟာသင်္ကြန်ပွဲတော်အကျနေ့ ကောင်းမှုကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ဘုရားကျောင်းကန်များတွင် သီလဆောက်တည်သူများနှင့်စည်ကားလျက်ရှိပြီး ဘုန်းတော်ကြီး ကျောင်းများတွင်ဒုလ္လဘရ်ဟန်းနှင့်ယောဂီများမှ တရားအားထုတ်လျက်ရှိရာ ပေတပင်ဘုန်းတော်ကြီးကျောင်းမှ ရဟန်းအပါး(၁၄၄)ပါးခန့်၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းမှ အပါး(၇၅)ခန့်တို့မှ ရပ်ကွက်များသို့ တန်းဆွမ်းနေ့ဆွမ်းလှည်လည်အပူဇော်ခံလျက်ရှိရာ ရပ်ကွက်များမှ  စေတနာရှင် အလှူရှင်များက ဆွမ်းခဲဘွယ်နှင့်ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျောက်မဟာသင်္ကြန်တွင်လည်း ဌာနဆိုင်ရာများမှ စတုဒိသာများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ဇော်ထက်(သရက်)