သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပလျက်ရှိ

သင်္ဃန်းကျွန်း ဧပြီ ၁

မြန်မာသက္ကရာဇ် နှစ်တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းသည့်အချိန်ကာလတွင် ကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နှစ်စဉ်ကျင်းပခဲ့ပြီး ယခု ၂၀၂-ခုနှစ် ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ(၁၆)ရက်‌နေ့အထိ ကျရောက်သည့် ၁၃၈-၁၃၈ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကိုလည်း ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၌ ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပလျက်ရှိပြီး ပြည်သူများပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက်ကျင်းပရာတွင် သင်္ဃန်းကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့ဝင်များပူးပေါင်း၍ သင်္ဃန်းကျွန်းမြို့နယ်  “ တန်ခူး လေပြေ ” မဟာသင်္ကြန် စတုဒီသာရေကစားမဏ္ဍပ်၌ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း၊ ရေသဘင်ပွဲလာရောက်ပါဝင်ဆင်နွှဲကြသူပြည်သူများအား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းထားသော မြန်မာ့သနပ်ခါးလိမ်းခြယ်ပေးခြင်းနှင့်အတူ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ရေကစားခြင်းများ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

သိန်းအောင်(ခရိုင် ပြန်/ဆက်)