အောင်လံ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၁၃၈၆)ခုနှစ်၊ မဟာသင်္ကြန်(အကြတ်နေ့)တွင် ဘုရားကျောင်းကန်စေတီများ၌ ဥပုသ်သီလစောင့်သူ၊ ကောင်းမှုကုသိုလ်ပြုသူများဖြင့် အေးချမ်းသာယာလျက်ရှိကြောင်း သိရသည်။
မြန်မာတို့၏ ရိုးရာသင်္ကြန်ဖြစ်သည့်(အကြတ်နေ့)၌ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အတိုင်း သင်္ကြန်အကြိုနေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ ရုံးပိတ်ရက်များ၌ တရားဘာဝနာအားထုတ်ရန်အတွက် အောင်လံမြို့၊ မကျီးကုန်းကျောင်း အဖွဲ့စိတ်(၂) မိုးကုတ်ဓမ္မရိပ်သာ “သဒ္ဓေမ္မေသက ဓမ္မာရုံတော်ကြီး” သို့ တရားအားထုတ်သူများ၊ သီလရှင်ဝတ်ကုသိုလ်ယူသူများဖြင့် အေးချမ်းသာယာလျက်ရှိပြီး၊ တန်ခိုးကြီး ဆုတောင်းပြည့်ဘုရားကြီးများတွင်လည်း ဘုရားဖူးသူ၊ သီလစောင့်တည်ကြသူများ ရှိကြောင်းသိရသည်။
အာကာ(ပြန်/ဆက်)