ကျိုင်းတုံ ဧပြီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ယနေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ရေကစားကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းသူများက အေးချမ်းစွာဆင်နွဲကြသည်။
ကျိုင်းတုံမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် မဟာသင်္ကြန်ပွဲတော်ကို ငလျင်ဘေးသင့်ပြည်သူများအား စာနာထောက်ထားသောအားဖြင့် ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီအေးချမ်းသာယာသည့် သင်္ကြန်အဖြစ်ကခုန်တီးမှုတ်ခြင်းမပါရှိဘဲ ပြည်သူများကအေးချမ်းစွာရေပတ်ဖျန်းခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့်ကျင်းပ၍ နှစ်သစ်အတာကိုကူးပြောင်းကြသည်။
ထို့အတူ ကျိုင်းတုံမြို့ ရှမ်းတိုင်းရင်းသားတို့၏ (၆၁၄)ကြိမ်မြောက် ရိုးရာသင်္ကြန် မင်္ဂလာစည်တော်ပို့ဆောင်ပွဲကို ငလျင်ဘေးသင့်ပြည်သူများအား စာနာထောက်ထားသောအားဖြင့် စည်ကားသိုက်မြိုက်စွာမကျင်းပဘဲ ရိုးရာမပျက်အကျဉ်းချုံးသာ ကျင်းပခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)