သာပေါင်း ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ စတုဒိသာကျွေးအလှူဒါနပြုခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်၌ ပြုလုပ်ကြသည်။
ထိုသို့ မြန်မာ့ရိုးရာမဟာသင်္ကြန်အကျနေ့ ရေကစားလည်ပတ်ကြသူများအား စတုဒိသာကျွေးအလှူဒါနပြုခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ကမ်းနားလမ်း၊ ပြည်သူ့ပန်းခြံရှေ့၌ မုန့်လုံးရေပေါ်စတုဒိသာ၊ မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက သာပေါင်းမြို့နယ် မီးသတ်စခန်းရှေ့၌ နို့ဆန်ပြုတ် စတုဒိသာဧည့်ခံကျွေးအလှူဒါနပြုကြသည်။
သိန်းမြင့်မျိုးဦး (သာပေါင်း၊ ပြန်/ဆက်)