ငပုတောမြို့၌ ၁၃၈၆ မဟာသင်္ကြန် အကြတ်နေ့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဆင်နွှဲ

ငပုတော ဧပြီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ ၁၃၈၆ မဟာသင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ရိုးရာယဥ်‌ကျေးမှုနှင့် အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် ၁၃၈၆ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုနှင့်အညီ ကျင်းပလျက်ရှိပြီး ဘုရားကျောင်းကန်များတွင် ဥပုသ်သီတင်းသီလဆောက်တည်ကြသူများ၊ ရပ်ကွက်ကျေးရွာများတွင် ရေကစားကြသူများ၊ စတုဒီသာ‌ကျွေးမွေးကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)