မိုင်းယောင်းမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ အေးချမ်းသာယာသည့် အေးသင်္ကြန် ကျင်းပ

မိုင်းယောင်း ဧပြီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်ကို အေးချမ်းတည်ငြိမ်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် သင်္ကြန်အကြတ်နေ့က သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများသည် ဘုရား၊ ကျောင်း၊ ကန်နှင့် နေအိမ်အဆောက်အအုံများတွင် အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်ပွားများခြင်း၊ မေတ္တာပို့အမျှအတန်းပေးဝေခြင်း၊ သတ္တဝါများအား အသက်လွှတ်ဘေးမဲ့ပေးခြင်း၊ အလှူအတန်းများပြုလုပ်ခြင်း၊ တရားဘာဝနာများ ပွားများအားထုတ်ခြင်းတို့ကို ပြုလုပ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)