ဆင်ပေါင်ဝဲ ဧပြီ ၁၅
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းရန်၊ နှစ်ဟောင်းမှအညစ်အကြေးများကို အတာရေဖြင့်ဆေးကြောရန်နှင့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ရန် ရည်ရွယ်ချက်များဖြင့် ဆင်ပေါင်ဝဲမြို့တွင် မဟာသင်္ကြန်အကျနေ့မှစတင်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်နှင့် စတုဒိသာမုန့်များကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ ဧပြီလ ၁၅ ရက် မဟာသင်္ကြန်အကြတ်နေ့နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ သီရိမင်္ဂလာလမ်း၌ မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးချမ်းသာယာသည့် အေးသင်္ကြန်အဖြစ် ကျင်းပလျက်ရှိသည်။
မဟာသင်္ကြန်ကာလအတွင်း ပြည်သူများအနေဖြင့် အေးချမ်းစွာ ရေကစားနိုင်ပြီး ဌာနဆိုင်ရာများနှင့် အလှူရှင်ပြည်သူများမှ သင်္ကြန်ကာလတစ်လျှောက် စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာတို့၏ ရိုးရာသင်္ကြန်အကြတ်နေ့၌ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများ၌ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ရိုးရာဓလေ့အတိုင်း သင်္ကြန်အကြတ်နေ့မှ နှစ်ဆန်းတစ်ရက်နေ့အထိ တရားဘာဝနာအားထုတ်ရန်အတွက် မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာတရားစခန်းများသို့ တရားအားထုတ်သူများ၊ သီလရှင်ဝတ် ကုသိုလ်ယူသူများဖြင့် အေးချမ်းသာယာလျက်ရှိကြောင်း သိရသည်။
ခန့်ဝင်း (ဆင်ပေါင်ဝဲ)