ကျုံပျော် ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ ယနေ့သင်္ကြန်အကြတ်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ ယနေ့နံနက် ၇ နာရီက စတင်ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာသို့ ကျုံပျော်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန့်သီတာချိုစင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာတာဝန်ရှိသူမျာ ပူးပေါင်းပါဝင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး၊ လျှပ်စစ်နှင့်ဆည်မြောင်းဌာနတို့မှ စုပေါင်းတည်ခင်းဧည့်ခံသော ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ ပေါင်မုန့်အုန်းနို့ဆမ်းစသည့် စတုဒိသာမုန့်များအား ပြည်သူများထံဧည့်ခံကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီရေကစားခြင်း၊ သနပ်ခါးလိမ်းခြယ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)