တွံတေးမြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီရေကစားခြင်း စတုဒိသာကျွေးမွေးခြင်းများ ကျင်းပပြုလုပ်

တွံတေး ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာတို့၏ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာများအရ ကောင်းမှုကုသိုလ်အမျိုးမျိုးကုသိုလ်ပြုကြရာ မဟာသင်္ကြန်အကြတ်နေ့ကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ အစဥ်အလာမပျက်ရေကစားခြင်းနှင့် စတုဒိသာကျွေးမွေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒိသာသင်္ကြန်မဏ္ဍပ်၌ ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများက ရိုးရာမပျက်ရေပက်ကစားကြပြီး သင်္ကြန်ချစ်သူပြည်သူများအား စတုဒိသာများကျွေးမွေးခြင်းနှင့် မြို့နယ်အတွင်းရှိရပ်ကွက်နှင့်များ၌လည်း မြန်မာ့ရိုးရာမဟာသင်္ကြန်ကို အေးချမ်းစွာရေကစားခြင်း၊ စတုဒီသာများကျွေးမွေးခြင်းဥပုသ်သီလဆောက်တည်ခြင်းများဖြင့် အေးချမ်းစွာဆင်နွှဲကြကြောင်းသိရှိရသည်၊၊

တွံတေးသား