ငပုတောမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် အတက်နေ့အား ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပ

ငပုတော ဧပြီ ၁‌၆

၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ငပုတောမြို့၊ ရှုခင်းသာကားဝန်းရင်ပြင်တွင် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဌာနဆိုင်ရာများသည် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အမွှေးနံ့သာ အတာရေများပက်ဖျန်းခဲ့ကြပြီး စတုဒိသာမဏ္ဍပ်တွင် ရွှေရင်အေး၊ မုန့်လက်ဆောင်း စတုဒိသာကျွေးမွေး‌နေမှုများကို ကြည့်ရှုအားပေးသည်။

ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို ငပုတောမြို့နယ်အတွင်းရှိ မြို့များနှင့်ရပ်ကွက်များတွင်လည်း ရိုးရာယဉ်ကျေးမှုအစဉ်အလာမပျက် အေးချမ်းစွာ ကျင်းပလျက်ရှိပြီး မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ရေကစားခြင်း၊ ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အတည်ပြုသတ်မှတ်ခြင်းကို ရရှိနိုင်ရေးအတွက် သနပ်ခါးယဉ်ကျေးမှုဓလေ့ကိုဖော်ညွှန်းသောအားဖြင့် သနပ်ခါးလိမ်းသရုပ်ဖော်မှုများ၊ နှစ်သစ်ကူးတရားပွဲများ၊ သက်ကြီးပူဇော်ပွဲများ၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများ ဇီဝိတဒါနငါးလွှတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အောင်သူ (ပြန်/ဆက်)