မြန်အောင် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်(အကြတ်နေ့)တွင် ရိုးရာယဥ်ကျေးမှုအစဉ်အလာမပျက် အေးသင်္ကြန်ပွဲတော်ကျင်းပရာ မြန်အောင်ခရိုင်မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် စတုဒိသာမဏ္ဍပ်တွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်ဇနီး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက မြန်မာရိုးရာအစဉ်အလာမပျက်ယဥ်ကျေးမှုနှင့်အညီ မဟာသင်္ကြန်ပွဲတော်ကို အေးချမ်းစွာဖြင့် အမွှေးနံသာရည်များဖြင့် သင်္ကြန်ပွဲတော်ဆင်နွဲသူများအား ပက်ဖျန်းပေးကြပြီး မြန်မာ့သနပ်ခါးလိမ်းချယ်ခြင်းများဆောင်ရွက်ခဲ့ပြီး စတုဒိသာ(ရွှေရင်အေး)နှင့်မုန့်မျိုးစုံများ ကျွေးမွေးခဲ့ကြောင်းသိရသည်။
အင်္ဂပူမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်အား ရိုးရာအစဥ်လာမပျက်ကျင်းပလျက်ရှိရာ ရေပက်ခံထွက်သူများ၊ ရေပက်သူများဖြင့်စည်ကားလျက်ရှိပြီး အတာသင်္ကြန်စတုဒီသာမဏ္ဍပ်တွင် စတုဒီသာကျွေးမွေးမှုများဖြင့် အေးချမ်းစွာပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)