မင်းဘူး ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (သင်္ကြန်အတက်နေ့) ယနေ့ ဧပြီလ ၁၆ ရက်က ဗဟိုမဏ္ဍပ်နှင့် လမ်းမများတွင် ဒေသခံပြည်သူများက အေးသင်္ကြန်အဖြစ် အေးချမ်းစွာ ရေကစားလျက်ရှိကြသည်။
မင်းဘူးမြို့၌ ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့မှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့် အေးသင်္ကြန်အဖြစ် မင်းဘူးဦးဩဘာသ မြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပလျက်ရှိရာ မဟာသင်္ကြန်အတက်နေ့ နောက်ဆုံးရက်တွင် ဒေသခံပြည်သူများက အေးချမ်းစွာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အတာရေအေးဖြင့်ပက်ဖျန်းကြကာ သင်္ကြန်စတုဒိသာအဖြစ် မုန့်လုံးရေပေါ်များဖြင့် ဧည့်ခံကျွေးမွေးဝေငှပေးခဲ့ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)