စလင်း ဧပြီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် (၄)ရက် သကြင်္န်အတက်နေ့ ယနေ့ဧပြီလ(၁၆)ရက် နံနက်(၉) နာရီ မိနစ် ၃၀ အချိန်က ပေါင်းပင်းဇင်းရပ်ကွက်၊ ရှင်ပင်ရွှေမုဋ္ဌောဘုရား၊ ဝက်သည်းကန်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဇီဝိတဒါနငါးလွှတ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဇီဝိတဒါနငါးလွှတ်မည့် ရှင်ပင်ရွှေမုဋ္ဌောဘုရား ဝက်သည်ကန်အတွင်းရှိ ဘုရားရင်ပြင်တော်ပေါ်တွင် နေရာယူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးရန်နိုင်စိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများက ဇီဝိတဒါနလွှတ်မည့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၃၀၀၀)အား ကန်တော်မင်္ဂလာအတွင်းသို့ ဇီဝိတဒါနအဖြစ် လွှတ်ခဲ့ကြပြီးနောက် မြို့နယ်အတွင်းရှိ ပြည်သူပြည်သားများ၊ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများအားလုံး၊ မီးဘေး၊ လေဘေး၊ ငလျင်ဘေးနှင့် သဘာဝဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာများပို့သ၍ လွှတ်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
(မောင်လွင်) စလင်း