ပေါင်းတည် ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ယမန်နေ့၌ ဥပုသ်သီတင်းသီလဆောက်တည်ကြခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများက သက်ကြီးပူဇော်ပွဲပြုလုပ်ခြင်း၊ ဇီဝီတဒါန ငါးလွှတ်ပွဲနှင့်စတုဒိသာကျွေးမွေးလှူဒါန့်းခြင်းများကို ပြုလုပ်ဆောင်ရွက်ကြပြီး လူငယ်လူရွယ်များကရပ်ကွက်များရှိ လမ်းအသီးသီးတို့တွင် အေးချမ်းစွာ ရေပက်ကစားကြသည်။
ယနေ့သင်္ကြန် အကြတ်နေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံမှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ရပ်ကွက်များအတွင်းရှိ ဘိုးဘွားများအား ပူဇော်ကန်တော့ခြင်း၊ ငါးကြင်းကောင်ရေငါးထောင်အား ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲကျင်းပခဲ့ကြပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စတုဒိသာမဏ္ဍပ်တွင် ဌာနဆိုင်ရာများက အလှည့်ကျကျွေးမွေးလှူဒါန်းလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ သာကူကြို၊ ညနေပိုင်း၌ ခေါက်ဆွဲကြော်များ ကျွေးမွေးလှူဒါန်းကြကာ အန္တရာယ်ကင်းပရိတ်တော်များကိုလည်း ယနေ့ ညချမ်းအချိန်အခါတွင် ဆက်လက် ရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(IPRD)