အုတ်တွင်းမြို့နယ် မဟာသင်္ကြန်ပွဲ​​တော်ကာလတွင်​မြန်မာ့ရိုးရာအစဉ်အလာမပျက် ရေကစား၍ စတုဒီသာများဖြင့်ကုသိုလ်ပြု

အုတ်တွင်း ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ၁၃၈၆ ခုနှစ် မဟာသင်္ကြန်ကို  ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှ ဧပြီလ ၁၆ ရက်သင်္ကြန်အတက်နေ့ထိ ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလစောင့်တည်သူ၊ တရားထိုင်သူ၊ ကုသိုလ်ပြုသူများရှိပြီးမုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ အချိုရည်၊ မုန့်ဟင်းခါးတို့ဖြင့် စတုဒိသာကုသိုလ်ပြုလှူဒါန်း၍ အေးချမ်းစွာရေပက်ရေကစားကြကြောင်း သိရပါသည်။

ထို့အပြင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ကန်တော့ခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အုတ်တွင်း(ပြန်/ဆက်)